Remember U

November 8 2009No Commented

Categorized Under: Poems


Remember you
all the times

Wannabe, me!
You all my mind

Hay Love you
friend to deep my heart

Say you not
believe in such

So long for
you but a drop in my head

You joking
of me with fool your friend

Make goals
on you, never break myself

Date thou in
dream with full of smile heart

Shade
follows you by pace enough.

Hay Friend!

 

Win Htet
Aung

Wed 28, Oct
2009

Time about
10AM

On the Final
Examination of third Year (English)

At the desk
after all done

Waiting the
“allowed” time to leave the “Room” 803(B), West Yangon University

ကျွန်တော့၏ တစ်နေ့တာများ

October 8 2009No Commented

Categorized Under: diary

တစ်နေ့တာဆိုမှ မနေ့ကအကြောင်းကို ပြန်ပြောရမယ်။ မနေ့က တကယ့်မှ Lucky 7 ပါဘဲ။ October 7 လေ။ ဟုတ်တယ် ဒါနဲ့ဘာဆိုင်လဲပေါ့။ ဒီလို အိပ်ပျက်လာတာ နည်းနည်းဆီဆိုတော့ အဲဒီနေ့က ကောင်းကောင်းကြီးအိပ်ပျော်သွားတယ်။ ဘယ်သူမှ လာမနောက်ယှက်(း) လာမနိုးဘူးလို့ပြောတာ) လို့လား၊ ဘာမှကိုမသိတာလား မသိဘူး ၁၀ နာရီခွဲကျော်သွားရော။ အဲဒါလာနိုးမှ နိုးတယ်။ တံခါးဖွင့်တော့ အပေါက်အလည်တည့်တည့်မှာ ချီးပါထားတာ အပုံလိုက်ကြီးး( အီးယွန်လိုက်တာ။ အဲဒါ ဆေးလိုက်ရတယ်။ ရေပုံးနဲ့ ၁၀ ပုံးမကဘူး။ ပြာတွေဖြန်း ခေါင်းလျှော်ရည်နဲ့ဆေးပေါ့။ အမှတ်တရလေးပါ။

ဘိုငကြံ

September 21 2009No Commented

Categorized Under: Poems

ဘိုကြီး ငကြံ ကိုကြီးဟန်နဲ့

ဆံပင်ရှည်ပြီး သာဟန်ပန်တွေယူမလာနဲ့

လာထား ငကြံ . . .

တစ်နေ့ကပေါ့

ကောင်မလေးတစ်ယောက်က

မီးမီးမပြန်ဘူးတဲ့ ကဲ

အဲဒါနဲ့ ကောင်မလေးတစ်ယာက်နဲ့တဲ့ ကဲ

ဒါကိုပဲ ကောင်မလေးတစ်ယောက်ကိုတဲ့ ကဲ

ဒါတောင်မှ ကောင်မလေးတစ်ယောက်တဲ့ကဲ

ကိုင်းဘယ်လိုလုပ်မလဲ ဘိုကြီးငကြံ

သုခစုစံ

September 21 2009No Commented

Categorized Under: Uncategorized

မိုးပေါက်ကျတော့ ဘေးနံရံမှားကားကားပြီး စောင့်

ဂျင်းဖောသူ မယ်တင်က ခေါက်ဆွဲခြောက်ထုပ် အကျန်ကိုဆွဲ

ကိုသားခုအတွက်တဲ့ကဲ . . .

သူ့မှာ တော့  နေသာပြီဆို

ခြံရှေ့ မှာ သူအလာကို

သွားသွားပြီးမျှော် သွားသွားပြီးလူး

တွေးတွေးပြီးဆွေး ရေးရေးပြီးရယ်

လူးလူးပြီးလှိမ့်(အိပ်ယာထဲမှာ “း)” )

ပြီးတော့ ကြိတ်ကြိတ်ပြီးစား

ဝက်ရိုးဆို သူ့အကြိုက်

ပြေးပြေးပြီးကိုက် နောက်တော့

ပြေးပြေးပြီးပါ ပြေးပြေးပြီးထဲ့

ဝေးဝေးကြီးတဲ့ သူပြောတာ

ဒါပေမယ့် အမယ်လေး ဆွေးရပြီ

ဒီငနဲကြီးဟဲ့ဆိုပြီး ထုထုပြီးငို

ကြာကြာတော့ ပဲ့ပဲ့ပြီးကွဲ

နောက်ဆုံးတော့ ကုလားမနဲ့

ကွိစိကွစနဲ့  ဟီဟီးပြီး ငြားပါရောလား ကဲ။         ။

August 10 2009No Commented

Categorized Under: Love, Poems

သူ့ကို မေးပေးပါ

သူ သိပါ့မလား

သူ့ကို ပြောပေးပါ

သူ ကြားပါ့မလား

သူ့ရဲ့ ဘေးနားမှာ

ငါ

အဲ

အကျတစ်ချက်

August 9 2009No Commented

Categorized Under: life

စနစ်တကျ မတက်လှမ်းခဲ့တော့
ခြေတစ်ချက် အချော်မှာ
ငါ ပြုတ်ကျခဲ့တယ်
ဒါပေမယ့် တော်သေးတယ်
ဖင်ထိုင်ရက် ကျလို့

ရှိခဲ့တယ်

June 26 2009No Commented

Categorized Under: Love, Poems

အရောင်ရှိတယ် အပြာရောင်

အလင်းရှိတယ် ညနေခင်း

အတူရှိတယ် ဒို့နှစ်ယောက်

နေရာရှိတယ် ပလက်ဖောင်းပေါ်မှာ

ဆိုင်တစ်ဆိုင်ရှိတယ် တုတ်ထိုးဆိုင်

ကားရှိတယ် သူလိုက်သွားခဲ့တာ

မှတ်တိုင်ရှိတယ် အသည်းကွဲရင်းပေါ့

ပြောစရာတော့ရှိတယ်

ဒါပေမယ့် မပြောခဲ့ရပါ . . . .

ကျွန်တော်ငယ်ငယ်က ၂

May 16 2009No Commented

Categorized Under: My Yonth Life

ဒီပို့စ်တွေကို http://www.chintwin.com/readarticle.php?article_id=180&sb_action=refresh မှ ကူးယူပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ အကြောင်းအရာတွေကို စုစည်းသိမ်းဆည်းထား ချင်လို့ဖြစ်ပါတယ်။ကျွန်တော်ငယ်ငယ်က ကျောင်းမရှိရင် နေမြင့်မှ ထတက်တယ်ဗျ။ နေ့လည်ဆိုဘယ်တော့မှ မအိပ်ဘူး။ မူကြိုတုံးကဆို ဆရာမကအတင်းအိပ်ခိုင်းရတာ။ အဲဒါနဲ့ ဟန်ဆောင်ပန်ဆောင် အိပ်တယ်ပေါ့။ ဆရာမလည်း ထွက်သွားရော ထကမြင်းကြရော။ မူကြိုတုန်းက အကြောင်းတစ်ချို့မှတ်မိနေသေးတယ်။ ကျွန်တော်တက်ခဲ့တဲ့ မူကြိုက ဗိုလ်ချုပ်ကျေးရုပ်အ၀ိုင်းကြီးနားက အစိုးရမူကြိုပါ။ အခုတောင်ရှိသေးလားမသိဘူး။ အဲဒီမှာကျွေးတဲ့ သာကူကြိုကို အခုသွားစားချင်သေးတယ်။ ကျောင်းမှာ ပြိုင်ပွဲတွေလုပ်တော့ ဖားခုန်ရယ်၊ အစားရယ်၊ အင်္ကျီပြေးဝတ်ပြီး ပန်းတိုင်အရာက်ပြေးပွဲ တွေမှာ ၀င်ပါခဲ့ပါတယ်။ ဘယ်ပွဲမှာ ဘာဆုနဲ့လည်းတော့မမှတ်မိပါဘူး။ မူကြိုတံဆိပ်ပါတဲ့ စွပ်ကြယ်တစ်ထည်တော့ရတာသိတယ်ဗျ။ အခုထိတောင်ရှိသေးတယ်။ အဲဒီစွပ်ကြယ်တော်တော်နဲ့ မ၀တ်ဖြစ်ပါဘူး။ အရမ်းကြီးနေလို့လေ။ လူကြီးဝတ်ကြီးဆိုတော့ အဲဒီတုန်းက၀တ်လိုက်ရင် ပြာကလောင် ပြာလချောင် ဖြစ်သွားမယ်။ နောက်ပြီးကျောင်းကပွဲမှာ ကောင်းစွပ်အချွန်ကြီးနဲ့ အဖြူနဲ့ အပြာအစင်းကြား ချုပ်ထားတဲ့အ၀တ်ကို ၀တ်ပြီး စင်ပေါ်တက်ကခဲ့သေးတယ်။ စတက်ဖို့ခေါ်တုန်းက ကြောက်ပြီး ငိုနေသေးတယ်။ အန်မယ် အပေါ်လည်းရောက်ရော ကွေးနေတာ။ ဗီဇကိုကပါတာ။ အဖေတူသားလေ။ တစ်နေ့ မနက် ၇ နာရီကျော်ကျော်လောက်ပဲရှိအုံးမယ်ထင်တယ်။ အဖေက ကျွန်တော့ကို ဖနောက်နဲ့ပေါက်ပြီး မင်း အိပ်ရေးပုတ်လှကြီးလား ဒီလောက်နေမြင့်ပြီး မိုးခြိမ်းနေတာတောင်မနိုးဘူး၊ မင်းက ဆင်တက်နင်းတောင် နိုးမဲ့ကောင် မဟုတ်ဘူး ဆိုပြီး ကုန်းအော်ပါလေရော်။ ကျွန်တော်လည်းဘာလည်းပေါ့ အိပ်ချင်မှုးတူးနဲ့ထရတာ။ တစ်ခါမှ ဒီလိုမလုပ်ဘူးဘူးလေ။ နောက်မှ သိတယ်။ ဟိုဘက် အိမ်က အန်တီချစ်(မချစ် အများအခါ်) က အစောကြီး အိမ်ပေါ်မှာ ငရုပ်ဆုံထောင်းပြီး သူ့သားကို ဆူလိုက်ဆဲလိုက်လုပ်နေတော့ အဖေကတင်းပြီး အော်တာ။ ဟုတ်လည်းဟုတ်တယ် အိမ်က နှစ်အိမ်တာပြောတာ တစ်အိမ်ထည်းလိုပဲ။ ကြမ်းပြင်က တစ်ပြေးတည်း။ ဟိုဘက်ခန်းဒီဘက်ခန်းလိုမျိုး။ နံရံပဲခြားတာ။ ကျွန်တော်ကတော့ ထုံးစံအတိုင်း မနိုးဘူး။ ငယ်ငယ်ကအခုထိပါပဲ မျက်စိကြောင်နေလို့တို့၊ အတွေးတွေများသွားလို့တို့၊ ရည်းစားပူမိလို့တို့ ဆိုပြီး တစ်ခါမှ အိပ်ရေးမပျက်ဘူး။ ဘယ်သူတွေဘာဖြစ်ဖြစ် ကျွန်တော်က အေးဆေးပဲအိပ်တာပဲ။ ပြီးခဲ့တဲ့နှစ်က နာဂစ်တုန်းကတောင် ၃ နာရီလောက်နိုးလာပြီး စိတ်ကူးပေါက်တာနဲ့ ကောင်မလေးဆီဖုန်းဆက်လိုက်တာ အားတွေဘာရှိသွားသလိုပဲ။ နာဂစ်တောင် မကြောက်တော့ဘူး အိပ်ပြစ်လိုက် မနက်မိုးလင်း ၉နာရီကိုထိုးရော။ အဲတာတောင် ထကြည့်ပြီး ဘာလုပ်ရမှန်းမသိတာနဲ့ ပြန်အိပ်တာ နေ့လည် ၁၂ နာရီကျော်မှ ဆူသံတွေကြားလို့ ထလာတာ။ အဲလိုဆိုတော့ ဒီလောက်နဲ့တော့အပြော့ပေါ့။ အန်တီချစ်တို့အကြောင်းအခု ပြန်စဉ်းစားရင် အခုပြုံးမိတယ်ဗျာ။ သူတို့က ရပ်ကွပ်ထဲမှာဆို သူတို့ဖြစ်လိုက်ရင် ဆူညံနေတာ။ ကျွန်တော် ၄ တန်းလောက်ထင်တယ်။ အဖေက ဆိုင်ကယ်ဝယ်မယ်ဆိုပြီး မန္တလေးကို သွားတာ။ ကျွန်တော်လည်းလိုက်သွားရတယ်။ မှတ်မှတ်ရရ ခဲရောင်လေးဗျ။ နောက်မှ ဇီးပြောင်းလိုက်တာ။ အဲဒီတော့ အန်တီချစ်က နည်းနည်းလှုပ်လှုပ်ရွရွဖြစ်လာတာပေါ့။ သူယောက်ျားဆို တစ်နေ့တစ်နေ့ ဆဲလိုက် ဆူလိုက်နဲ့ ဆူညံနေတာ။ တစ်ခါတော့ ဦးမျိုးတင့်က အလုပ်ကောင်းတစ်ခုရပြီး ဒေါ်လာစား ဖြစ်လာပါရော။ အံမယ် အဲဒီတော့ကြလည်း တစ်မျိုးဗျာ။ ကိုမျိုးတင့် ဆိုပြီး ဆီးကြိုရတာနဲ့ ရေခတ်ပေးရတာနဲ့။ ဟာ ဟ။ နောက်တော့ သူတို့ဆိုင်ကယ် တစ်စင်းဝယ်လာပါရော။ နေလည်ကြီးဗျာ။ သူများတွေအိပ်နေတဲ့အချိန်။ ကျွန်တော်က ၀ိမ်းကစားနေတယ်ထင်တယ်။ လမ်းမပေါ်မှာ ဆူညံနေတာပဲ။ ဘောလုံပွဲလိုလို၊ နပန်းပွဲလိုလို၊ အဲဒါနဲ့ထွက်ကြည့်တော့ လားလား ကိုမျိုးတင့်(အဲလေ ဦးမျိုးတင့်) က ဆိုင်ကယ် စီးကျင့်နေတာ။ အဲဒါကို သူက ရပ်ကြည့်ပြီး အောင်မလေး ဟိုကိုတော့ တိုက်တော့မှာဘဲ၊ လဲပြီ၊ စသည်ဖြင့်ပေါ့ဗျာ အော်နေတော့တာ။ တစ်လမ်းလုံးထွက်မကြည့်ဘဲ ဘယ်နေနိုင်တော့မလဲဗျာ။ ဆိုင်ကယ်စီးကျင့်တာ ရာဇ၀င်ပါ ၀င်သွားတယ် ကောင်းရော။

အတွေး

May 14 2009No Commented

Categorized Under: အတွေး

ထိမ်းချုပ်လို့ ရနိုင်မယ်ဆို

ငါ မေ့ပြစ်လိုက်မဲ့

မင်းအကြောင်းတွေကို ငါပြောလို့မပြီးနိုင်

အဓိပ္ပါယ်မဲ့ လွမ်းနေတာမျိုးဆို

ဒါ ဘယ်သူ့အပြောလဲ

ငါက မင်းအတွေးနဲ့

ပျော်နေသူပါ

မင့်ဘေးက မင်းချစ်သူကို

ငါ မျက်မုန်းမကျိုး

မင့်အချစ်တွေ မြင်နိုင်တဲ့

သူ့အပြုံးတွေကို

ငါမရောက်ဘူးတဲ့ နတ်ပြည်ရဲ့

ပုံရိပ်တစ်ခု အဖြစ်

ငါအမှတ်တရ သိမ်းဆည်းထားမယ်။        ။

မင်းဘယ်မှာလဲ

May 12 2009No Commented

Categorized Under: Uncategorized

ဘယ်ဆီကို မင်းရောက်နေမလဲ ဘယ်သူနဲ့မင်းရှိနေမယ် တွေးမိပါတယ် လွမ်းမောရင်လည်း သတိရပါတယ် . . .

အား . . . အချိန်ကိုက်ဖွင့်လာသော လေးဖြူသီချင်းကြားလိုက်မိရုံလို့ ကျွန်တော်မထင် ရင်ထဲဝင်ပြီး ကုန်းအော်လိုက်ချင်သည် အထိဖြစ်သည်။ ဒီအကြောင်း ပြောပြရင်လည်း ချစ်သူကို သတိထပ်ရနေအုံးမည်။ တကယ်တော့ ချစ်သူကို သတိရ လို့ ရေးမိနေတာပါဘဲ။ ကျွန်တော် ကဗျာတစ်ပုဒ်စပ်ချင်လာပြီ။

မင်းနဲ့ငါ ပြန်တွေ့ကြတော့

မင်းဘေးမှာ ကောင် တစ်ယောက်နဲ့

စိတ်ရှိလက်ရှိပြောလိုက်ရရင် “ဘာလဲကွ ဒီအကောင်”

မင်းပေးသွားတဲ့ အီးမေးကို

invite လုပ်တော့

မင်းနဲ့ငါ online ပေါ်မှာ

တစ်နေ့ကြတော့ handphone နံပါတ်

မင်းပေးခဲ့တော့

သြော် ငါလေ ပျော်လိုက်တာ

မင်းနဲ့ငါ ဖုန်းဆက်ရင်း

ပြောလိုက်ကြတာ

ဖုန်းပြီးတိုင်း လူးလိမ့်လို့

ငါ့မှာ အရှုးတစ်ပိုင်းပါဘဲ

ကြင်နာသူ ဒါကိုမင်းသိရဲ့လား

တကယ်တော့ မင်းနဲ့ငါ

မတွေ့ဖြစ်တာ ၁နှစ်တောင်လောက်ကြာ

ဖုန်းနဲ့ပဲ တွေ့ဖြစ်တာ ငါ့ ရင်တွေတုန်လို့

အခုတော့ မင့်ဖုန်းကို

ဆက်လိုက်တော့ “ ဌာနမှ ပိတ်”

အောင်မလေး ငါ့နှလုံးသားလေးတော့

ရေနစ်ပြီဟေ့ ။    ။